Photoshop သမားများအတွက် လိုအပ်မယ်ထင်လို့ပါ

Photoshop သမားများအတွက် လိုအပ်မယ်ထင်လို့ပါ


photoshop အသုံးပြုသူ ဓါတ်ပုံတွေကို ကိုယ်တိုင် ကလိချင်သူ ဓါတ်ပုံပြင်ဆိုင်ဖွင့်ထားတဲ့ သူငယ်ချင်းများ အားလုံး ဆောင်ထားသင့်တဲ့ Brushes လေးဖြစ်ပါတယ်။ ကျနော်တို့ ဓါတ်ပုံလေးတွေ ပြင်ရာမှာ သရဖူ ဒီဇိုင်းလေးကို ထည့်ဖို့ လိုတဲ့ ပုံတွေလိုမျိုးမှာတော့ အလွယ်တကူ အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်။ တစ်ခါတစ်လေ ဒီလိုပုံလေးတွေကို လိုအပ်လို့ လိုက်ရှာတာရယ် PSD format ဖြစ်လို့ ဖိုင်ဆိုဒ် ကြီးတာရယ်ကြောင့် ဒေါင်းယူဖို့အတွက် အချိန်တော်တော်လေးကို ပေးရတာကို ကြုံဖူးကြမှာပါ။ ဒီ brush လေးကတော့ ဖိုင်ဆိုဒ်ကလဲ သေးပြီး မိမိ အသုံးပြုတဲ့ Adobe Photoshop CSxx မှာ ထည့်သွင်း ထားလိုက်ပါက မိမိ လိုအပ်တဲ့ အချိန်တွင် လွယ်လင့်တစ်ကူ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီမှာ ဒေါင်းယူနိုင်ပါတယ်။

စတင်လေ့လာသူများ ဆက်ဖတ်ပေးပါရန် 
  • Photoshop ကို အခုမှ စတင်လေ့လာသူ သူငယ်ချင်းများကတော့ ဒီ Brush ကို မိမိ အသုံးပြုနေသော Photoshop CSx မှာ ထည့်သွင်းဖို့ ခက်ခဲနေရင် အောက်မှာ ဆက်ဖတ်ပေးပါ။
  • မိမိ ဒေါင်းထားသော brush rar ဖိုင်ဖြည်ပြီး တစ်နေရာရာ မှာ ထားလိုက်ပါ။
  • CS ကို ဖွင့်လိုက်ပါ။
  • File Menu က New Layer တစ်ခုကို ဖန်တီယူလိုက်ပါ။
  • လက်ဝဲဘက် Tools တွေထဲက Brush Tool ကို ရွေးလိုက်ပါ။
  • New Layer ယူထားတဲ့ နေရာကို Mouse ရောက်အောင် သွားလိုက်ပါ။
  • ရောက်ပြီဆိုရင် R-click ထောက်လိုက်ပါ။
  • အောက်ပုံလေးကိုကြည့်ပါ. ကျနော်ကတော့ Photoshop CC နဲ့သုံးထားဆိုတော့ သူငယ်ချင်းများ သုံးသော Photoshop နှင့် အနည်းငယ်ပုံစံ ကွဲလွဲနိုင်ပါတယ်။ ဒါပေသိ အားလုံးကတော့ အတူတူ ပဲ ဖြစ်ပါတယ်။
  • R-click ထောက်ပြီး အထက်ပါ ပုံအတိုင်ရပြီ ဆိုရင်တော့ ပုံပါ နံပါတ် 4 နေရာက စက်သွားပုံလေးကို Click လိုက်ပါက ဘေးမှာ စာများ ထွက်ပေါ်လာတာကို တွေရမှာဖြစ်ပါတယ်။ အဲစာထဲက Load Brushes ကို ကလစ်ပြီး ခုနားက ကျနော်တို့ဒေါင်းလော့ယူပြီး သိမ်းထားလိုက်တဲ့ Brush format ဖြစ်တဲ့ ABR ကို သွား ထည့်သွင်းလိုက်ပါ။ ဒါဆိုရင် ကျနော်တို့ အသုံးပြုလို့ ရပါပြီခင်ဗျာ။
  • အခြားသော brushes များ shape များ style များ ကိုလဲ ယ္ခုအတိုင်း ထည့်သွင်း အသုံးပြုပါတယ်ခင်ဗျာ။ ဆက်လက်မျှဝေပါဦးမည် .... မောင်အေးလွင်(ဘူးရေမျက်ရွာ) အဆင်မပြေရင်တော့ comment ပေးသွားပါ..။ ပုံ ပြည့်ပြည့်စုံစုံလေးနဲ့ တင်ပေးပါမည်။ အဆင်ပြေကြမယ်မျှော်လင့်ရင်း...... လေးစားစွာဖြင့်
mas andes

စာရေးသူ:

တတ်နိုင်သည့် အရာလေးတွေကို တတ်နိုင်တဲ့ အချိန်ပိုင်လေးမှာ မှတ်တမ်းတင်ရေးသား ထားခြင်းသည်ဖြစ်ပါသည်။ တော်၍တတ်၍ ဘလော့ဂါလုပ်နေခြင်းမဟုတ်ပါ..။ ဝါသနာအရ လေ့လောရင် အနည်းငယ်မျှ သိထားသော အကြောင်းအရာလေးများကို မှတ်တမ်းတင် ရေးသားသူ တစ်ယောက်သာ ဖြစ်ပါသည်Photoshop သမားများအတွက် လိုအပ်မယ်ထင်လို့ပါ.
ပြန်လည်မျှဝေမယ်

နေက်ထပ်ဖတ်စရာများ